GmoneyPay ဆိုသည်မှာ ကိုရီးယားနိုင်ငံရှိ ငွေရေးကြေးရေးဆိုင်ရာအားလုံးကို ဖြေရှင်းပေးနိုင်သည့် အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါသည်။ GmoneyPay အကောင့်သည် မိတ်ဆွေ၏ ငွေပေးပို့ခြင်းများ၊ ငွေလက်ခံခြင်းများနှင့် အရောင်းအဝယ်လုပ်ငန်းများအတွက် ငွေပေးချေမှုများကို လွယ်ကူစွာ ပြုလုပ်ရန် ကူညီနိုင်ပါသည်။ GmoneyPay အကောင့်တွင် ပြည်တွင်းငွေလွှဲမှုများသာမက ပြည်ပငွေလွှဲမှုများကိုပါ ရိုးရှင်းလွယ်ကူစွာ အစီစဉ်တကျပြုလုပ်နိုင်ပါသည်။
အဆင့်ဆင့်ပြုလုပ်နိုင်ရန် လမ်းညွှန်ချက်များကို အောက်တွင် ဖော်ပြထားသည်။
လွယ်ကူမြန်ဆန်စွာ အကောင့်ဖွင့်နိုင်ပါသည်။
ကျန်ုပ်တို့၏အက်ပလီကေးရှင်းကို လွယ်လွယ်ကူကူဒေါင်းလုတ်ဆွဲနိုင်ကာ အပ်သောအချက်အလက်များကို ဖြည့်သွင်းပြီး မိနစ်အနည်းငယ်အတွင်း အသုံးပြုနိုင်ပါသည်။ ငွေလက်ခံရရှိမည့်သူမှ ကျန်ုပ်တို့၏အက်ပလီကေးရှင်းအား အသုံးပြုရန် မလိုအပ်ပါ။
GmoneyTrans ကိုအသုံးပြုခြင်းအားဖြင့် လုံခြုံမှန်ကန်စိတ်ချစွာ ငွေလွှဲပြုလုပ်နိုင်ပါသည်။
၂၀၁၇ ခုနှစ်မှစ၍ ပထမဆုံးငွေလွှဲလုပ်ငန်းကို စတင်ခဲ့ပြီး သုံးစွဲသူ ၁ သန်းကျော်ကို နိုင်ငံပေါင်း ၄၀ ကျော်သို့ ယ်ကူစွာငွေလွှဲပြုလုပ်နိုင်ရန် ကူညီပေးခဲ့ပါသည်။ အခုလိုစီးပွားရေးလုပ်ဆောင်နိုင်ရန် ကမ္ဘာအနှံ့ရှိငွေကြေးဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းပြီး လုပ်ပိုင်ခွင့်ရရှိရန် မှတ်ပုံတင်ရပါသည်။
မိတ်ဆွေ၏ အရောင်းအဝယ်အားလုံးကို အကာအကွယ်ပေးရန်နှင့် ကျန်ုပ်တို့နှင့် မိတ်ဆွေ၏ဆက်သွယ်မှုများကို လုံခြုံစေရန် နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုပြီး ငွေသွင်းငွေလွှဲလုပ်ငန်းများကို လွယ်ကူရိုးရှင်းစွာ ပြုလုပ်နိုင်ပါသည်။ မိတ်ဆွေ၏ အချက်အလက်များကို ကျန်ုပ်တို့ ဘယ်သောအခါမှ အလွဲသုံးစားပြုလုပ်မည် မဟုတ်ပါ။ မိတ်ဆွေ၏ ငွေသွင်းငွေလွှဲလုပ်ငန်းဆောင်တာများကို ကူညီဖြေရှင်းပေးရန် ကျန်ုပ်တို့၏ဝန်ထမ်းများမှ အမြဲအဆင့်သင့်ရှိပါသည်။
သိကောင်းစရာများ – GmoneyPay အား အသုံးပြုသူများ၏သုံးသပ်ချက်များကို ဖတ်မည်။
မိတ်ဆွေ၏ငွေများကို လုံခြုံစိတ်ချစွာ သိမ်းဆည်းထားပါ။
မိတ်ဆွေဘဏ်အကောင့်တစ်ခု ဖွင့်သောအခါ နိုင်ငံသားစီစစ်ရေးကဒ်ကို လိုအပ်သလိုပင် ကျန်ုပ်တို့၏ GmoneyPay သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ကျွန်ုပ်တို့သည်ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် ကျွန်ုပ်တို့၏ ၀န်ဆောင်မှုကို မည်သူအသုံးပြုနေသည်ကို ကျွန်ုပ်တို့သိရန် လိုအပ်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့အား ငွေကြေးအတက်အကျများနှင့် မိတ်ဆွေတို့၏ ငွေများကို လုံခြုံစိတ်ချစွာ စုဆောင်းထားရန် ကူညီပေးပါသည်။
မိတ်ဆွေ ကျန်ုပ်တို့၏ GmoneyPay အကောင့်ကိုဖွင့်လိုက်သည်နှင့်တပြိုင်နက် ကျန်ုပ်တို့သည် မိတ်ဆွေ၏ နိုင်ငံသားစီစစ်ရေးကဒ်ပြား (သို့) နိုင်ငံကူးလက်မှတ်နှင့် မိုဘိုင်းလ်ဖုန်းနံပါတ်တို့အား အတည်ပြုရန်အတွက် လိုအပ်ပါသည်။ အတည်ပြုလုပ်ငန်းစဉ်အတွက် အချိန် ၁၀ မိနစ်ခန့်ကြာလေ့ရှိသည်။