တိုက်ရိုက်ငွေသွင်းခြင်းသည် လွယ်ကူမြန်ဆန်ပြီး ငွေသွင်း/ ငွေလွှဲခြင်းများ ပြုလုပ်ရန် လုံခြုံသော နည်းလမ်းတစ်ခုဖြစ်သည်။ တိုက်ရိုက်ငွေသွင်းခြင်းကို မှတ်ပုံတင်ခြင်းဖြင့် မိတ်ဆွေ၏ဘဏ်အကောင့်သည် GmoneyPay အကောင့်နှင့် အလိုအလျောက်ချိတ်ဆက်ပါလိမ့်သည်။
မိတ်ဆွေသည် GmoneyPayအကောင့်ထဲသို့ ငွေထည့်သွင်းသောအခါ မိတ်ဆွေ၏ ကိုရီးယားဘဏ်အကောင့်ထဲမှ အလိုအလျောက် နှုတ်ယူပြီး GmoneyPay အကောင့်သို့ လွှဲပြောင်းပါလိမ့်မည်။ ထိုနည်းတူစွာ မိတ်ဆွေငွေပေးပို့လိုပါက မိတ်ဆွေ၏ ကိုရီးယားဘဏ်အကောင့်ထဲသို့ ငွေပမာဏကို အလိုအလျောက်ငွေထည့်သွင်းမည်ဖြစ်ပြီး မိတ်ဆွေ၏ မိခင်တိုင်းပြည်ဘက်က ဘဏ်အကောင့်တွင် ငွေပမာဏကို အလိုအလျောက် ဖြတ်သွားပါလိမ့်မည်။
GmoneyPay အကောင့် တိုက်ရိုက်ငွေသွင်းအကောင့်ကို မှတ်ပုံတင်နည်း
- ပင်မ / အဓိက စာမျက်နှာမှ “ငွေထည့်သွင်းမည်“ကို နှိပ်ပေးပါ။
- တိုက်ရိုက်ငွေသွင်းခြင်းကို နှိပ်ပေးပါ။
- “ထည့်သွင်းမည်”ကို နှိပ်ပေးပါ ပြီးနောက် အောက်ဖော်ပြပါအဆင့်များအတိုင်း ဆက်လက်ပြုလုပ်ပေးပါ။
အဆင့် ၁ – မိုဘိုင်းဖုန်းနံပါတ်အား အတည်ပြုခြင်း
- ကျေးဇူးပြု၍ ပေးထားသောအသေးစိတ်အချက်အလက်များ မှန်ကန်မှု ရှိ/ မရှိ စစ်ဆေးပေးပါ။
- မိတ်ဆွေ၏ မိုဘိုင်းလ်ဖုန်းလိုင်းအမျိုးအစားကို ရွေးချယ်ပေးပါ။
- “အထက်ဖော်ပြပါအချက်အားလုံးကို သဘောတူပါသည်” ကိုနှိပ်ပေးပါ။
- “ကုဒ်အား လက်ခံရရှိပါမည်” ကိုနှိပ်ပေးပါ။ အတည်ပြုကုဒ်နံပါတ်ကို မက်ဆေ့ချ်ဖြင့် လက်ခံရရှိပါလိမ့်သည်။
- “အတည်ပြုပါမည်” ကို နှိပ်ပေးပါ။
အရေးကြီးချက် – အကယ်၍ မိတ်ဆွေတွင် လိုင်းဖုန်းရှိပါက (SKT / KT / LGU +) လိုင်းဖုန်းကို ရွေးချယ်ပြီး မိတ်ဆွေ၏ဖုန်းလိုင်းသည် ကဒ်ဖုန်းလိုင်းဖြစ်ပါက (SKT / KT / LGU +) ကဒ်ဖုန်းကိုရွေးချယ်ပေးပါ။ အကယ်၍ မိတ်ဆွေသည် ဖုန်းလိုင်းကို ၅ ကြိမ်ထက် ပို၍ မှားယွင်းစွာ ရွေးချယ်မိပါက နောက်တစ်နေ့တွင် ထပ်မံကြိုးစားပေးပါ။ ၅ ကြိမ်အထိ မကြိုးစားခင် မိတ်ဆွေ၏ ဖုန်းငွေလက်ကျန်ငွေကို စစ်ဆေးပေးပါ။ လက်ကျန်ငွေသည် “သုည” ဖြစ်နေပါက ငွေထည့်သွင်းပြီးမှ ထပ်မံ ကြိုးစားကြည့်ပေးပါ။
အဆင့် ၂ – ဘဏ်အကောင့်ကိုမှတ်ပုံတင်ခြင်း
- မိတ်ဆွေ၏ ကိုရီးယားဘဏ်နာမည်ကို ရွေးပေးပါ။
- မိတ်ဆွေ၏ ကိုရီးယားဘဏ်အကောင့်နံပါတ်ကို ရိုက်ထည့်ပေးပါ။
- မိတ်ဆွေ၏နာမည် ပထမစာလုံးကို ရိုက်ထည့်ပေးပါ။
- “အထက်ဖော်ပြပါအချက်အားလုံးကို သဘောတူပါသည်” ကိုနှိပ်ပေးပါ။
- “ARS ရုပ်သိမ်းခြင်းသဘောတူညီချက်” ကို နှိပ်၍ စက္ကန့်အနည်းငယ်စောင့်ဆိုင်းပေးပါ။
မှတ်ချက်။ ။ မိတ်ဆွေ၏ဖုန်းတွင် ARS ဖုန်းခေါ်ဆိုမှုကို လက်ခံပေးပါ။ စပီကာကို ဖွင့်ပြီး အချက်အလက်အားလုံးမှန်ကန်ကြောင်း သေချာ / မသေချာ စစ်ဆေးပေးပါ။ “ Beep” အသံကိုကြားလျှင် dial-pad ကို နှိပ်၍ မိတ်ဆွေ၏မွေးသက္ကရာဇ် ၆ လုံးပါသည့် နေ့စွဲ (နိုင်ငံသားစီစစ်ရေးကဒ်ပြား၏ ပထမဂဏန်း ၆ လုံး) ကို ရိုက်ထည့်ပေးပါ။
- မိတ်ဆွေ၏ အီးမေးလ်ကို စစ်ဆေးပြီး“ Complete ARS agreement” ကိုနှိပ်ပေးပါ။
အဆင့် ၃ – အသေးသုံးငွေ
အသေးသုံးငွေသားဆိုသည်မှာ မိတ်ဆွေ၏ဘဏ်အကောင့်ထဲသို့ ဝမ် ၁၀၀ ထက် နည်းသော ငွေပမာဏကို ထည့်ပေးခြင်းဖြစ်သည်။ ကျေးဇူးပြု၍ မိတ်ဆွေ၏ဘဏ်အကောင့်ကို မိုဘိုင်းဘဏ်းကင်း (သို့မဟုတ်) ဘဏ်မက်ဆေ့ချ်တို့မှ စစ်ဆေးပြီး လက်ခံရရှိသောအသေးသုံးငွေပမာဏကို ရိုက်ထည့်ပေးပါ။ ဤအဆင့်တွင် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါက အကူအညီအတွက် ကျွန်ုပ်တို့၏ call center 1616-4565 လိုင်းခွဲ ၁၂ သို့ ဖုန်းခေါ်ဆိုပေးပါ။
အဆင့် ၄ – ဒက်ဘစ်အကောင့်နံပါတ်ကို ပြန်လည်ထည့်သွင်းခြင်း
- မိတ်ဆွေ၏ဘဏ်အကောင့်မှ လိုအပ်နေသောဂဏန်းများကို ထည့်ပေးပါ။
- “ပြီးပြီ” ကိုနှိပ်ပေးပါ။
အဆင့် ၅ – နိုင်ငံကူးလက်မှတ်ကို တင်ပေးခြင်း
မိတ်ဆွေ၏ဘဏ်အကောင့်သည် မိတ်ဆွေ၏ နိုင်ငံကူးလက်မှတ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါက ဤမျက်နှာပြင် ပေါ်လာလိမ့်မည်။
- မိတ်ဆွေ၏ နိုင်ငံကူးလက်မှတ်ဓာတ်ပုံကို တင်ပေးပါ။
- နိုင်ငံကူးလက်မှတ်၏နံပါတ်ကို ထည့်ပေးပါ။
- “ပြီးပြီ” ကိုနှိပ်ပါ။
အဆင့် ၆ – Pin ကုဒ်နံပါတ်ကို မှတ်ပုံတင်ခြင်း
- နံပါတ် ၆ လုံးပါ Pin ကုဒ်နံပါတ်ကို ဖန်တီးပါ။
- Pin ကုဒ်နံပါတ်ကို ထပ်မံရိုက်ထည့်ပါ။
အရေးကြီးချက် – ကျေးဇူးပြုပြီးဒီ Pin ကုဒ်နံပါတ်ကို မည်သူ့ကိုမှ မဝေမျှပါနဲ့။ GmoneyPay အကောင့်ဖြင့် ငွေလွှဲပြုလုပ်မည်ဆိုပါက နောက်ဆုံးအတည်ပြုအဆင့်ရောက်တိုင်း၊ ဤ Pin ကုဒ်နံပါတ်ကို ပြန်လည်ထည့်သွင်းရန် လိုအပ်ပါသည်။
Contacts:
Official Website: https://www.gmoneytrans.com/
Official VK: https://vk.com/gmoneytrans
Official FB: https://www.facebook.com/gmoneytrans/
Support Center: 1670-4565
Business Hours of Support Center:
Every day from 10:00 to 22:00
Business Hours of Branches:
Every day from 10:00 to 20:00
Locations:
Seoul (Dongdaemun) 305-2, Jong-ro, Jongno-gu, Seoul
Ansan 2F, 17, Damunhwa-gil, Danwon-gu, Ansan-si, Gyeonggi-do
Gimhae 105, 321, Bunseong-ro, Gimhae-si, Gyeongsangnam-do