မိတ်ဆွေ၏ GmoneyPay အကောင့်ထဲသို့ ငွေထည့်သွင်းရန် နည်းလမ်းသုံးမျိုးရှိပါသည်။ တိုက်ရိုက်ငွေသွင်းခြင်းဖြင့် ထည့်သွင်းနိုင်သလို ဘဏ်မှ တိုက်ရိုက်ငွေလွှဲပြုလုပ်ခြင်းဖြင့်လည်း ထည့်သွင်းနိုင်ပါသည်။ သို့မဟုတ်ပါက စရန်ငွေထည့်သွင်းခြင်းဖြင့်လည်း မိတ်ဆွေ၏ GmoneyPay အကောင့်ထဲသို့ ငွေထည့်သွင်းနိုင်ပါသည်။
တိုက်ရိုက်ငွေသွင်းနည်း

၁။ ပင်မစာမျက်နှာမှ ငွေထည့်သွင်းနည်းကိုရွေးပေးပါ။
၂။ “Direct Debit” တိုက်ရိုက်ငွေသွင်းခြင်းကို ရွေးပေးပါ။
၃။ မိတ်ဆွေ၏ တိုက်ရိုက်ငွေသွင်းအကောင့်ကို ရွေးချယ်ပေးပါ။
၄။ ငွေဖြည့်လိုသည့်ပမာဏကို ရိုက်ထည့်ပေးပါ။
၅။ ဂဏန်း ၆ လုံး Pin ကုဒ်နံပါတ်ကို ရိုက်ထည့်ပေးပါ။
သိကောင်းစရာများ – မိတ်ဆွေ၏ တိုက်ရိုက်ငွေသွင်းအကောင့်ကို အသုံးပြုရန်အတွက် ပထမဆုံး မိတ်ဆွေ၏ တိုက်ရိုက်ငွေသွင်းအကောင့်အား မှတ်ပုံတင်ရန်လိုအပ်သည်။ “ တိုက်ရိုက်ငွေသွင်းအကောင့်ကို မည်သို့ မှတ်ပုံတင်ရမည်” ကိုဖတ်ပါ။
ဘဏ်အကောင့်ထဲသို့ငွေလွှဲနည်

၁။ ပင်မစာမျက်နှာမှ ငွေထည့်သွင်းနည်းကိုရွေးပေးပါ။
၂။ ဘဏ်အကောင့်ထဲသို့ ငွေလွှဲနည်းကို ရွေးချယ်ပေးပါ။
၃။ မိတ်ဆွေ၏ အကောင့်နံပါတ်ကို ပြသထားပါ။
၄။ ပြသထားသည့် အကောင့်နံပါတ်နှင့် ဘဏ်ထဲသို့ ငွေဖြည့်လိုသည့် ပမာဏကိုရိုက်ထည့်ပြီး ငွေလွှဲပြုလုပ်မည်။
ငွေသားဖြင့် စရန်ငွေသွင်းနည်း

၁။ ပင်မစာမျက်နှာမှ ငွေထည့်သွင်းနည်းကိုရွေးပေးပါ
၂။ ငွေသားဖြင့် စရန်ငွေသွင်းနည်းကို ရွေးပေးပါ။
၃။ မိတ်ဆွေ၏ ဘဏ်အကောင့်နံပါတ်နှင့် ဘဏ်ကို ပြသထားပါ။
၄။ အနီးဆုံးဘဏ်သို့သွားပြီး ငွေသားသွင်းပါ (သို့) LOTTE ATM သို့သွား၍ ပေးထားသော ဘဏ်အကောင့်ထဲသို့ စရန်ငွေသားသွင်းနိုင်ပါသည်။
သိကောင်းစရာများ – GmoneyPay အကောင့်ထဲကို ATM ကိုအသုံးပြု၍ စရန်ငွေသွင်းခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိလိုပါက “စရန်ငွေသား မည်သို့ထည့်သွင်းရမည်နည်း” ကိုနှိပ်ပေးပါ။